Sub Domain အခမဲ့ တောင်းခံနိုင်

http://www.mandalaybloggers.org ကို ၂၀၁၀၊ နိုဝင်ဘာလ၊ ၂၄ ရက်နေ့တွင် Mandalar.Net နှင့် အိုင်တီမန်း(မန္တလေး) တို့နှစ်ဦးမှ စတင် တည်ထောင် ခဲ့ပါတယ်။
MandalayBloggers.org မှ Sub Domain လိုတောင်းခံချင် သူများ ဆက်သွယ်ရန် - nnyioo@gmail.com, Mandalar.Net@gmail.com သို့ အီးမေး ပို့ပေးပါ။
(မှတ်ချက် - Gtalk မှ တဆင့် တောင်းဆိုမှုမျိုး မပြုရန် လေးစားစွာ မေတ္တာ ရပ်ခံပါတယ် )

WinX iPhone Ringtone Maker

iPhone, iPhone 4, iPhone 3GS, iPhone 3G သုံးသော စာဖတ်သူတို့အတွက် WinX iPhone Ringtone Maker ကို တင်ပေးလိုက်ပါတယ်။ Audio Formats တော်တော်များများကို iPhone Ringtone အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။

License လည်း Auto ဖြည့်သွင်းပြီးသားမလို့ License ကိစ္စလည်း ပူစရာမလိုဆိုတော့ ကဲ ...ဘာလိုသေးလဲ...ဗျာ...။

Download Link: WinX iPhone Ringtone Maker

အိုင်တီမန်း(မန္တလေး)

How to Hack WEP Wireless Security

WiFi ကိုအသုံးပြုတယ့် အခါမှာ Security အနေနဲ့ အသုံးပြုလို့ရတယ့် အမျိုးအစား (၃)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ WEP, WPA နဲ့ WPA2 တို့ပဲဖြစ်ပါတယ်။ Security အတွက် အသုံးပြုတယ့် အမျိုးအစား (၃)မျိုးစလုံးကို Hack လို့ရတယ်လို့ သိရပါတယ်။ WEP ကို Hack ကြည့်တာတော့ အဆင်ပြေပါတယ် အဲ့ဒါကြောင့် စမ်းသပ်ချင် သူတွေ အတွက် ဝေမျှလိုက်ပါတယ်။

လိုအပ်တယ့် ပစ္စည်းတွေကတော့ Wireless နဲ့ CD/DVD Drive ပါရှိတယ့် Laptop (သို့) Desktop တစ်လုံး နဲ့ Backtrack 3 (သို့) Backtrack 4 Bootable CD/DVD တစ်ချပ်လိုအပ်ပါတယ်။ အဲ့ဒီ ပစ္စည်းတွေရှိပြီဆိုရင်တော့ Backtrack Bootable CD/DVD နဲ့ Boot တက်လိုက်ပါ Backtrack တက်လာပြီဆိုရင်တော့။ Console ကိုဖွင့်ပြီး အောက်မှာ ပေးထားတယ့် လုပ်ငန်းစဉ်တွေအတိုင်း လိုက်လုပ်လိုက်ယုံပါပဲ။

How to Find Hidden SSID Name

WiFi AP (or) Router တွေမှာ SSID Name ကို Hidden လုပ်ထားရင် Backtrack 3 (or) 4 ကိုအသုံးပြုပြီး ရှာလို့ရပါတယ်။ ပထမဦးဆုံး Wireless ရှိတယ့် Laptop (သို့) Desktop တစ်လုံး နှင့် Backtrack 3 (or) 4 Bootable CD/DVD ရှိဖို့လိုအပ်ပါတယ်။
ပထမဦးဆုံး Backtrack Bootable CD/.DVD နဲ့ Boot တက်လိုက်ပါ။ Backtrack OS တက်သွားပြီဆိုရင် Console ကိုဖွင့်လိုက်ပြီး အောက်ပါအတိုင်း ရိုက်ထဲ့လိုက်ပါ။


mdk3 [interface] p -b a -t [bssid]

interface ကိုသိချင်ရင် Console ထဲမှာ airmon-ng လို့ရိုက်ထဲ့ပြီး Enter နှိပ်လိုက်ပါ။
bssid ကတော့ AP (သို့) Router ရဲ့ MAC Address ကိုဆိုလိုတာပါ။

http://mandalarnet.mandalaybloggers.org/ မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

How to transfer contacts from Nokia to Blackberry

Nokia Handset ကနေပြီးတော့ Blackberry Handset ထဲကို contacts တွေကို အပြည့်အ၀ Copy ကူးယူလို့ရတယ်ဆိုတာကို သင်ယုံကြည်ပါသလား?? ဒီနည်းလမ်းတွေကိုအသုံးပြုပြီး စမ်းသပ်ကြည့်လို့ ရပါတယ် အားလုံးကတော့ အချိန်တိုင်းမှာ အပြည့်အစုံ အလုပ်မလုပ်ပါဘူး။

နည်းလမ်း (၁)

Nokia Handset ထဲမှာ ရှိတယ့် သင့်ရဲ့ contacts တွေကို Sim card ထဲကို Copy ယူလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီ Sim card ကို Black Berry Handset ထဲကိုထည့်ပြီးတော့ contacts တွေကို Copy ပြန်ကူးယူလိုက်ပါ အဲ့လိုကူးယူလိုက်တယ့် အခါမှာ contacts တွေရဲ့format တွေပြောင်းလဲသွားနိုင်သလို။ ဒီနည်းလမ်းကိုအသုံးပြုရင် contact တစ်ခုမှာ နံပါတ်တစ်ခုထက်ပိုခဲ့ရင် လုပ်ငန်းလုပ်ဆောင်ပေးမှာမဟုတ်ပါဘူး။

Assign Default Custom Font in Office Excel 2007

Microsoft Excel 2007 မှာ အသစ်ဖွင့်လိုက်တိုင်း font က Calibri လို့ပေါ်နေတယ် မဟုတ်လား... အဲဒါကို ကိုယ်ကြိုက်တဲ့ font ပြောင်းလို့ ရပါတယ်...

၁။ Office button ကိုနှိပ်။

၂။ Excel Options ကို click နှိပ်ပါ...

၃။ When creating new workbooks အောက်မှာရှိတဲ့ Use this font မှာ ကိုယ်ပြောင်းချင်တဲ့ font ကို ပြောင်းပြီး OK နှိပ်ပါ...

Windows Tips and Tricks

System Error Message Copying
စာဖတ်သူတို့ရေ... Ctrl + C, Ctrl + V လေး နှိပ်လိုက်ရုံဖြင့် Windows System Error Message တွေကို အလွယ်တကူ ကူးယူ သိမ်းထားနိုင်ပါတယ်။ ကွန်ပျူတာ အသုံးပြုရင်း Windows ပေါ်မှာ တစ်စုံတစ်ခု မှားလုပ်မိရင်လည်း System Error Message ကျတက်သလို၊ ဗိုင်းရပ်စ်ကြောင့်လဲ System Error Message တွေ ကျတတ်ပါတယ်။


Data များအား လျှို့ဝှက်စွာ သိမ်းဆည်းခြင်း (သို့မဟုတ်) လှည့်စားခြင်း

အရေးကြီးလှသော မိမိ၏ Data များကို တစ်ပါးသူ အနေဖြင့် အလွယ်တကူ မသိနိုင်အောင်။ မယူနိုင်အောင်။ လှည့်စားထားနိုင်ပါသည်။

စာဖတ်သူလည်း လိုအပ်ပါက ပြုလုပ်နိုင်ရန် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါသည်။

၁။ JPEG ပုံ လှလှလေး တစ်ပုံ လိုပါတယ်။ ပြီးတော့ မိမိ၏ အရေးကြီး Data ပါ Folder ရယ်ပေါ့။ သူတို့နှစ်ခုကို ပေါင်းပြီး zip ထုတ်ပါမယ်။ အောက်ပါပုံတွင် လေ့လာကြည့်ပါ။

အရေးကြီးတဲ့ Data တွေကို တပါးသူ မသိအောင် ကွယ်ဝှက်မယ်

အခု ဖော်ပြပေးမယ့် အကြောင်းအရာလေးကလည်း စာဖတ်သူအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

စာဖတ်သူတို့အတွက် သိပြီးသား အကြောင်းအရာလည်းဖြစ်နိုင်သလို၊ မသိသေးတာလည်း ဖြစ်နိုင်တဲ့အတွက် တင်ပြလိုက်တာပါ။

How to Hide Your Important Data
မိမိ၏ အရေးကြီး Data များ ထည့်သွင်းထားသော Folder ၏ အမည်ကို Blank ထားပါမည်။ ပုံမှန်တိုင်း Folder Name ကို Blank ထားလို့မရပါ။ ဒါကြောင့် ဤသို့ ကြံဖန်ရပါမည်။

Filtering eMail and Create a New Label in Gmail

Pyae Phyo: အကို gmail မှာ ၀င်လာလာတဲ့ စာတွေကို သီးခြား file ထဲမှာဝင်အောင်လုပ်လို့ရလား။ Inbox ထဲမှာမရောက်ပဲနဲ့လေ။
Ans: zayarsan: @pyae phyo ., ya par tal.,you must be create LABEL.
အခုလို ကူညီဖြေကြားပေးတဲ့ zayarsan ကို ကျေးဇူးတင်ပါတယ်။ နောက်လည်း ကူညီပေးပါ။

ပြည့်ဖြိုး ငါ့ညီရေ... ပိုပြီးပြည့်စုံသွားအောင် အသေးစိတ် ပြောပြလိုက်ပါတယ်။

Gmail ကိုဖွင့်ပါ။ ညာဘက်အပေါ်လောက်မှာ ရှိတဲ့ Settings ဆိုတာကို နှိပ်ပါ။

Exchange Rate in Myanmar ( ရွှေဈေး၊ ငွေဈေး၊ မြန်မာ့ဈေး )

မြန်မာနိုင်ငံအတွင်းမှာ တနေ့တာ လည်ပတ်နေတဲ့ ရွှေဈေး၊ ငွေဈေး အပြင် ကမ္ဘာ့ရွှေဈေး၊ တို့ကို Gtalk တွင် Bolt တစ်ခုအဖြစ် ထည့်သွင်းကြည့်ရှုနိုင်ပါပြီ။

Gtalk တွင် Add လုပ်ထားရမည့် Bolt Address မှာ - ( myanmar.exchange@gmail.com, myanmar.exchange.25@gmail.com ) တို့ဖြစ်ပါတယ်။ မကြာသော အချိန်အတွင်းမှာဘဲ Accepted ဖြစ်သွားပါမယ်။

Myanmar.Exchange Bolt တွင် ဤသို့မေးမြန်းနိုင်ပါသည်။

Custom Firmware Flashing Through JAF Tutorial for Nokia 5800

Download Firmware
1. Download and install Windows Installer 3.1
2. Download and install .NET Framework 2.0
3. Download Navifirm



Download Tools for Flashing
1. Download and install JAF 1.98.62 and PKEY
2. Download and install Nokia PC Suite

Flashing with JAF
JAF will load files from here so copy your firmware files here:

1. copy all firmware to :


C:\Program Files\Nokia\Phoenix\Products\RM-356\
OR
C:\Program Files\Common Files\Nokia\DataPackage\Products\RM-356\



2. Conect your phone with PC Suite Mode
3. now open OGM_JAF_PKEY_Emulator_v3.exe



4. click GO


5. Error: BOX DRIVER NOT INSTALLED ==> click OK



6. Select BB5 ==> Manual Flash ==> Dead USB ==> Use INI



7. Select your phone model



8. You will see MCU, PPM, CNT, APE Variant become green



9. Now TURN OFF your phone !! and then click FLASH button after that press power button (don't hold it) on your phone and JAF will start flashing.



10. When flash will finish restart your phone (by releasing your battery and put it back)



http://mandalarnet.mandalaybloggers.org/ မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

CDMA 800 MHz ဖုန်းများကို ရန်ကုန် နှင့် မန္တလေးတွင် အသုံးပြုနိုင်ရန်

လက်တွေ့ကြုံတာလေးကို ပြန်လည်ဖောက်သည်ချတာပါ။

ဂျာနယ်မှာ ငါးသိန်းတန် CDMA 800 MHz ဖုန်းတွေကို ရန်ကုန်နဲ့ မန္တလေး တွင် ယူဆောင် အသုံးပြုလို့ရပြီ လို့ ပါလာတော့ ပျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကို တိုင်ကလည်း ဒါလေး ကိုင်ထားတာကိုး...။ ပြီးတော့ တကယ် ရမရလည်း သိချင်၊ စမ်းချင်လာတယ်လေ...။

သူငယ်ချင်းမြတ်ကြီးနဲ့တွေ့တော့ သူနဲ့လည်း ... CDMA 800 MHz အကြောင်း ပြောဖြစ်ကြတယ်။ သူနဲ့ စကားပြောရင်း ရန်ကုန် CDMA 800 MHz ဖုန်းကို မန္တလေးမှာ သုံးချင်ရင် မန္တလေး CDMA 800 MHz သုံး RUMI Card ကို တစ်ကြိမ်ထည့်သွင်း ပေးရမယ်။ အဲလိုပဲ မန္တလေး CDMA 800 MHz ဖုန်းကို ရန်ကုန်မှာ သုံးချင်ရင် ရန်ကုန် CDMA 800 MHz သုံး RUMI Card ကို တစ်ကြိမ်ထည့်သွင်းပေးမှသာ အသုံးပြုလို့ရတယ် ဆိုတာကို သိခဲ့ရပါတယ်။

အဲလိုလေးသိထားတဲ့ အချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်က လာတဲ့ မိတ်ဆွေ တစ်ယောက် CDMA 800 MHz ဖုန်းတစ်လုံးနဲ့ ကျွန်တော်စီ ဆိုဒ်ဆိုဒ်မြိုက်မြိုက်ရောက်လာပါလေရော။

ဒီကလည်း ဒီဂွင်စောင့်နေတာ ကွက်တိပဲလေ...။

ကြည့်လိုက်တော့ ရန်ကုန် CDMA 800 MHz ဖုန်းက တကယ်ပဲ ကျွန်တော်တို့ မန္တလေးမှာ ကွန်နက်ရှင်လုံးဝ မမိဘူးဗျာ။ Searching ပဲ လုပ်နေတယ် MPT Network ကို ရှာမတွေ့ ဖြစ်နေတယ်လေ...။

အဲဒါနဲ့ အနော်လည်း သူ့ 800 ဖုန်း ကို ပါဝါပိတ် သူ့ကဒ်ကို ထုတ်။

ကိုယ့် CDMA 800 ကဒ်ကို သူ့ ဖုန်း ထဲကို ထည့်ပြီး ပါဝါဖွင့်လိုက်တယ်။ စက်အတက်မှာ Network ကွန်ယက်ကို Searching လုပ်နေပါတယ်။ ခဏပဲ MPT ကိုတွေ့သွားတယ်။ Network ကွန်ယက်လည်းမိသွားတယ်။

ဖုန်းခေါ်ကြည့်လိုက်တယ်။ အိုကေတယ်ဗျာ။

အဲဒါနဲ့ ဆက်ပြီး... ဖုန်းကို ပြန်ပိတ်၊ ကိုယ့်ကဒ်ကို ပြန်ထုတ်၊ ရန်ကုန်ဖုန်းကဒ်ကို ပြန်ထည့် Handset ကို ပြန်ဖွင့်ကြည့်လိုက်တယ်။

ရသွားပြီဗျ။ MPT Network ကို သိသွားပြီ။ ကွန်ယက်မိသွားပြီ။ ဖုန်းခေါ်ကြည့်လိုက်တယ် အိုကေ... ဂွတ်ပဲ။

ရန်ကုန် CDMA 800 ဖုန်း မန္တလေးမှာ သုံးလို့ရသွားပြီ။

ရန်ကုန်က လာတဲ့ မိတ်ဆွေလည်း သူ့ဖုန်း မန္တလေးမှာ သုံးလို့ရသွားတော့ အတော်ပျော်ရွှင်သွားပုံရတယ်။

အဲ... ဒါတင်မကသေးပါဘူး။ အသိမိတ်ဆွေက ရန်ကုန်ပြန်ရောက်ရောက်ချင်းပဲ ကျွန်တော့်စီကို ဖုန်းပြန်ဆက်ပေးတယ်။

( ညီလေးရေတဲ့ ရန်ကုန်ရောက်တော့လည်း ဖုန်းက Auto မိနေရောတဲ့ ဘာမှ ထပ်ပြီး ပြင်စရာမလိုဘဲ သုံးလို့ရနေတယ်တဲ့။ )
အဲဒီစကားကြားလိုက်တော့...

ဒီ CDMA 800 MHz ဖုန်းကို တခြားမြို့တွေမှာ အသုံးပြုလို့ရဖို့အတွက် အထက်ပါ ပြုလုပ်နည်းအတိုင်း တစ်ကြိမ်သာ ပြုလုပ်ရုံနဲ့ အဆင်ဆင်ပြေပြေ အသုံးပြုလို့ရတယ်ဆိုတာကို ကျွန်တော် သိလိုက်ရပါတယ်...။

ဒါဆို ကျွန်တော်တို့မန္တလေးသားတွေလည်း ရန်ကုန်ရောက်လို့ CDMA 800 MHz သုံး ဖုန်းကို သုံးမယ်ဆိုရင် အထက်ပါနည်းလမ်းအတိုင်း တစ်ကြိမ်ပြုလုပ်ပေးဖို့ မမေ့ကြပါနဲ့အုန်းနော်။

နောင်များ ယခုဖော်ပြပါနည်းအတိုင်း လုပ်စရာမလိုဘဲ Auto အလုပ်လုပ်နိုင်ပြီဆိုတာမျိုး စာဖတ်သူက ကြုံခဲ့ရင်လည်း ကျွန်တော်ကို ပြန်လည် ဖောက်သည်ချဖို့ မမေ့ပါနဲ့နော်။ အိုင်တီမန်း(မန္တလေး)

PopMessenger V.1.6


Local Network ထဲမှာ Chatting Software သုံးချင်သူတွေအတွက် PopMessenger Software ကို မျှဝေလိုက်ပါတယ်။ ဒီ Software လေးက LAN Chat အဖြစ်အသုံးပြုရာမှာ အဆင်ပြေတယ့် အပြင် အခု Version 1.61 မှာဆိုရင် WAN Chat အနေနဲ့ပါ သုံးလို့ ရတယ်လို့တော့ ထုတ်တယ့် Company ကတော့ ပြောတာပဲ စမ်းတော့ မစမ်းကြည့်ရသေးဘူး။ စမ်းမယ့်သူ မရှိသေးတာလဲ ပါတာပေါ့။

PopMessenger ကိုအသုံးပြုတယ့် နေရာမှာ Network အတွင်းမှာ Public chat အနေနဲ့ရော Private chat အနေနဲ့ပါသုံးလို့ ရပါတယ်။ ပြီးတော့ Broadcast Message feature ပါဝင်တယ့် အတွက် Messenger ထဲမှာ ရှိနေတယ့် လူအားလုံးကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ ကိုပေးချင်တယ့် Message ကိုပေးလို့ရပါတယ်။
PopMessenger က LAN Chat room ထဲမှာကို တစ်ယောက်ကိုတစ်ယောက်ပို့တယ့် Message ကိုတောင် Encrypt လုပ်ပြီးမှပို့လို့ ကိုယ် Chat နေတာကို သူများ ခိုးကြည့်လို့ မရတော့ဘူးပေါ့။ ပြီးတော့ Offline Message လဲပို့လို့ လဲရပါတယ်။ တစ်ယောက်ကနေ တစ်ယောက်ကိုလဲ Files တွေ Transfer လုပ်လို့ရတယ်။ ကိုယ် Chat ထားတယ့် Message History တွေကို သိမ်းထားချင်လဲ ရသေးတယ်ဗျာ။ ပြီးတော့ Message ၀င်လာတယ့်အခါ၊ စာရိုက်နေတယ့် အခါ၊ Message ပို့လိုက်တယ့်အခါ၊ Chat room ထဲကို User အသစ် Login ၀င်လာတယ့် အခါ တွေမှာ လဲ Alert ကိုယ်ကြိုက်တယ့် အသံကို ရွေးထားလို့ရတယ်။

PopMessenger ရဲ့ အထူးခြားဆုံး နောက်အချက်တစ်ခု ကတော့ UDP နဲ့ TCP ကို ကြိုက်တယ့် Port ကိုအသုံးပြု လို့ရတာပဲဖြစ်ပါတယ်။ PopMessenger က Windows Vista ကိုလဲ Support လုပ်တယ် ဗျ။ Message တစ်ခါပို့ရင် 23000 Charters နဲ့ File တစ်ခါ Transfer လုပ်ရင် 4GB အထိ Transfer လုပ်လို့ရပါတယ်။

Download Links:

Password: mandalar.net 


Password: mandalar.net
http://Mandalarnet.MandalayBloggers.Org မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

1 Click DVD Copy 5

မိမိမှာ ရှိတယ့် DVD တွေကို Copy ကူးယူချင်သူများအတွက် အလွန်လွယ်ကူပြီး အသုံးဝင်တယ့် Software တစ်ခုကို တင်ပေးလိုက်ပါတယ်။ 1 Click DVD Copy 5 ဆိုတယ့် Software လေးပါ။ အခုထွက်လာတယ့် Version မှာတော့ CPRx Error Correction လို နောက်ဆုံးပေါ် နည်းပညာပါဝင်လာပါတယ်။



အလွန်ရိုးရှင်း လွယ်ကူစွာနဲ့ DVD တွေကို Copy ကူးယူနိုင်မှာဖြစ်ပါတယ်။

Download links: 1 Click DVD Copy 5




http://Mandalarnet.MandalayBloggers.Org မှကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

powered by Blogger | WordPress by Nyi Nyi | Converted by Mandalar.Net